Arcturus (XBB 1.16) လို့ခေါ်တဲ့ Greek နတ်ဘုရားနာမည်နဲ့ Covid virus ဆိုတာဘာလဲ?
✅ Arcturus (XBB 1.16) ဆိုတာ နောက်ဆုံး trend ဖြစ်နေတဲ့ Omicronမျိုးစိတ်ကနေ ဆင့်ပွားပြောင်းလဲလာတဲ့ Omicron ရဲ့မျိုးကွဲ (Subvariant) တစ်ခုဖြစ်ပါတယ်။
✅ Arcturus သည် ယခု April လအတွင်း India, UK, Australia, Singapore အပါအဝင် နိုင်ငံပေါင်း ၂၉နိုင်ငံကိုအချိန်တိုအတွင်း ပျံ့နှံ့ခဲ့ပြီးဖြစ်ကြောင်း WHO ကဖော်ပြထားပါတယ်။
✅ ရောဂါပြင်းထန်နှုန်း (Pathogenicity) နဲ့ ရောဂါကူးစက်နှုန်း (Infectivity) ကတော့ ယခင် Omicron မျိုးကွဲ XBB 1.5 ထက် ပိုများပေးမယ့် အသက်သေဆုံးမှုနှုန်းကတော့ နည်းပါတယ်။
✅ ရောဂါလက္ခဏာတွေအနေနဲ့ Arcturus ရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့ မျက်သားယောင်ရမ်းခြင်း (Conjunctivitis) နဲ့ ကိုယ်ပူဖျားနာခြင်း (Fever) တို့ဖြစ်ပါတယ်။
အဆိုပါ ရောဂါလက္ခဏာနှစ်မျိုးသည် Arcturus ရဲ့အဖြစ်အများဆုံးလက္ခဏာတွေဖြစ်သည့်အပြင် အခြား Covid ရဲ့ လက္ခဏာတွေဖြစ်တဲ့
📌 ကိုယ်လက်ကိုက်ခဲခြင်း
📌 ပင်ပန်းနွမ်းနယ်ခြင်း
📌 ပျို့အန်ခြင်း
📌 နှာရည်ယို၊ နှာပိတ်ခြင်း
📌 ချောင်းဆိုးခြင်း
📌 လည်ပင်းနာခြင်း
📌 ပြင်းထန်အဆုတ်ယောင်ခြင်း
📌 ဝမ်းပျက်ဝမ်းလျှောခြင်း စသည့်ရောဂါလက္ခဏာများလဲ ဖြစ်ပွားနိုင်ပါတယ်။
✅ မြန်မာနိုင်ငံမှာတော့ ကူးစက်ပျံ့ပွားမှုရှိမရှိ မသိရသေးဘဲ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာတော့ ကူးစက်မှုမြင့်မားလျက်ရှိတာကြောင့် မြန်မာကိုလဲ အနှေးနဲ့အမြန်ရောက်လာနိုင်ချေရှိပါတယ်။
✅ ကျွန်တော်တို့ ရန်ကုန်မှာတော့ ဒီရက်ပိုင်း Covid positive case တွေ သိသိသာသာပြန်များလာတာတွေ့ရပြီး Arcturus ဟုတ် မဟုတ် မသိနိုင်သေးပေမယ့် ပြည်သူအာလုံး Covid ရောဂါကာကွယ်ဖို့ ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာပြီး ကာကွယ်ဆေးများလဲ စနစ်တကျထိုးထားဖို့ လွန်စွာအရေးကြီးလှပါတယ်။