COVID – 19 ဆိုတဲ့ရောဂါဟာ ၂၀၁၉ခုနှစ်မှာ တရုတ်နိုင်ငံဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက လူသားအားလုံးအတွက် ကပ်ဘေးရောဂါအနေနဲ့ ဒုက္ခပေးခဲ့တာ ယခုဆို ၄နှစ်တိုင်ရှိခဲ့ပါပြီ။
၄နှစ်တာကာလအတွင်း Virus တွေက ဆင့်ကဲပြောင်းလဲ (Mutation) ဖြစ်ပြီး တစ်မျိုးပြီးတစ်မျိုး အသစ်ပေါ်လာလိုက်၊ အဲ့လိုအသစ်ပေါ်လာတိုင်းမှာ ရောဂါလှိုင်းတစ်ခုလို ပြန်ထပြီး တစ်နိုင်ငံမှတစ်နိုင်ငံ ကူးစက်လိုက်နဲ့ အသက်သေဆုံးခဲ့ရသူတွေ၊ ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရသူတွေလဲ တစ်ကမ္ဘာလုံးနီးပါး ဒုနဲ့ဒေးပါ။
မြန်မာနိုင်ငံမှာတော့ Covid – 19 virus ရဲ့ဒဏ်ကို ၂၀၂၁ ဝန်းကျင်မှာ တတိယလှိုင်းအနေနဲ့ခံစားခဲ့ရတာတော့ အပြင်းထန်ဆုံးဖြစ်ခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ virus အသစ်တွေနဲ့ တစ်လှိုင်းပြီးတစ်လှိုင်း ထပ်ကြုံရပေမယ့်လည်း ရောဂါပြင်းထန်မှုနှုန်းကတော့ တဖြည်းဖြည်း လျော့ကျလာခဲ့ပါတယ်။
ထိုသို့ လျော့ကျလာရခြင်း အကြောင်းရင်းကတော့
- လူတွေ Covid – 19 ရောဂါကာကွယ်ဖို့ ဆောင်ရန်/ရှောင်ရန် (Awareness) တွေကို ပိုမိုသိရှိနားလည်လိုက်နာတတ်လာတာရယ်
- နိုင်ငံတကာမှ ထုတ်လုပ်တဲ့ Covid – 19 ရောဂါကာကွယ်ဆေးတွေကို လက်လှမ်းမီပြီး လူတိုင်းထိုးနှံလာနိုင်တာကြောင့် ဖြစ်ပါတယ်။
COVID ကာကွယ်ဆေးထိုးတဲ့အခါမှာ
- Antibody ထွက်နှုန်းမြင့်မားဖို့နဲ့
- ဆေးအရည်အသွေးပိုင်း ကျဆင်းမှုမရှိအောင် သယ်ယူပို့ဆောင်စနစ် Cold Chain မှန်မှန်နဲ့ ထိန်းသိမ်းဖို့က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။
အရည်အသွေးပြည့်ဝပြီး Cold Chain စနစ်လည်း မှန်ကန်တဲ့ ကာကွယ်ဆေးများ ထိုးနှံလိုရင်တော့ ကျွန်တော်တို့ ” ကျန်းမာပြည့်စုံ online clinic ” ကိုသတိရလိုက်ပါ။
” ကျန်းမာပြည့်စုံ ” မှ ဆရာဝန်၊ သူနာပြုများပါဝင်တဲ့ ကျွမ်းကျင်ဆေးအဖွဲ့ medical team မှ အရေးပေါ်လိုအပ်သော ဆေးဝါးများနဲ့အတူ လူကြီးမင်းတို့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးသွားမှာပဲ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးပြီးသူတိုင်းအတွက် ပြည်တွင်း/ပြည်ပနိုင်ငံစုံ သွားလာရာမှာ လိုအပ်သော QR code ပါတဲ့ ကာကွယ်ဆေးထိုးကဒ်ပြားပါ တစ်ခါတည်း ထုတ်ပေးသွားမှာပါ။
English ဘာသာနဲ့ ဖြစ်တဲ့အတွက် နိုတြီပြန်ရတဲ့ဒုက္ခလည်း မရှိတော့ဘူးပေါ့။
ကျွန်တော်တို့ ” ကျန်းမာပြည့်စုံ ” မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) အသိအမှတ်ပြု ကာကွယ်ဆေးတွေဖြစ်တဲ့
Covishield
Moderna တစ်မျိုးစပ်ကာကွယ်ဆေး
Moderna နှစ်မျိုးစပ်ကာကွယ်ဆေး
Pfizer တစ်မျိုးစပ်ကာကွယ်ဆေး
Pfizer နှစ်မျိုးစပ်ကာကွယ်ဆေး
ကလေးများအတွက် Pfizer kid အစရှိသော Covid ကာကွယ်ဆေးများအပြင်
ရာသီတုပ်ကွေး ကာကွယ်ဆေး
အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး
မေးခိုင် ကာကွယ်ဆေး
ခွေးရူးရောဂါ (Rabies) ကာကွယ်ဆေးများလည်း ထိုးနှံနိုင်ပါပြီခင်ဗျာ။