Covishield

WHO အသိအမှတ်ပြု COVID ကာကွယ်ဆေးတွေဖြစ်တဲ့ Covishield, Moderna နဲ့ Pfizer ဆိုတာ ဘယ်လိုဆေးမျိုးတွေလဲ?

ဘယ်လိုကောင်းကျိုးအာနိသင်တွေ ရှိလဲ?

ဒီမေးခွန်းကတော့ ကာကွယ်ဆေးထိုးမယ့်လူတွေအမေးများပြီး မဖြစ်မနေသိထားသင့်တဲ့အရာတွေပဲ ဖြစ်ပါတယ်။

Covishield

  • Covishield ကတော့ Oxford/ Astrazeneca နည်းပညာကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေး ဖြစ်ပါတယ်။
  • Antibody ထွက်နှုန်း 90% အထိရှိပြီး ဆေးအရည်အသွေးလည်းကောင်း ဈေးနှုန်းလည်း သင့်သည့်အတွက် မြန်မာနိုင်ငံမှ လူတန်းစားအလွှာအသီးသီး​၏ ထိုးနှံမှုအများဆုံး COVID ကာကွယ်ဆေး ဖြစ်ပါတယ်။
  • အသက် ၁၈ နှစ်မှစ၍ သက်ကြီးရွယ်အိုများအထိ ထိုးနှံနိုင်ပါတယ်။

Moderna

  • Moderna ကတော့ USA က ထုတ်တဲ့ mRNA vaccine ဖြစ်ပါတယ်။
  • သူ့ရဲ့ကောင်းကျိုးတွေကတော့ Antibody ထွက်နှုန်း 94% အထိရှိတဲ့အတွက် ဆေးအရည်အသွေးလည်း ကောင်းမွန်သလို လူကြိုက်လည်းများတဲ့ အရည်အသွေးမြင့်ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။
  • အသက် ၅ နှစ်မှစ၍ သက်ကြီးရွယ်အိုများအထိ ထိုးနှံနိုင်ပါတယ်။

Pfizer

  • Pfizer သည်လည်းပဲ Moderna နဲ့အပြိုင် USA ထုတ် mRNA vaccine တစ်မျိုးပါပဲ။
  • Antibody ထွက်နှုန်း 95% အထိရှိပြီး အရည်အသွေးမြင့်မားတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။
  • အသက်အရွယ် အပိုင်းအခြားအနေနဲ့ အသက် ၆နှစ်မှ ၁၂နှစ်အထိ ကလေးများအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Pfizer (kid) ထိုးလို့ရပါတယ်။

အသက် ၁၂နှစ်မှ သက်ကြီးရွယ်အိုများအထိ Pfizer (Adult) အား ထိုးနှံနိုင်ပါတယ်။

ကာကွယ်ဆေးတစ်မျိုးခြင်းရဲ့အကြောင်းကို သေချာဖတ်ရှုလေ့လာပြီး ထိုးနှံချင်ရင်တော့ ကျန်းမာပြည့်စုံကို ဆက်သွယ်လိုက်ပါ။

” ကျန်းမာပြည့်စုံ ” မှ ဆရာဝန်၊ သူနာပြုများပါဝင်တဲ့ ကျွမ်းကျင်ဆေးအဖွဲ့ medical team မှ အရေးပေါ်လိုအပ်သော ဆေးဝါးများနဲ့အတူ လူကြီးမင်းတို့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးသွားမှာပဲ ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးပြီးသူတိုင်းအတွက် ပြည်တွင်း/ ပြည်ပနိုင်ငံစုံ သွားလာရာမှာ လိုအပ်သော QR code ပါတဲ့ ကာကွယ်ဆေးထိုးကဒ်ပြားပါ တစ်ခါတည်း ထုတ်ပေးသွားမှာပါ။

English ဘာသာနဲ့ ဖြစ်တဲ့အတွက် နိုတြီပြန်ရတဲ့ဒုက္ခလည်း မရှိတော့ဘူးပေါ့။